Saturday, September 27, 2014
မိုဘိုင်းဖုန်းသုံးသူများ သတိထားရန် ရောဂါ
မိုဘိုင်းဖုန်းသုံးသူများ သတိထားရန် ရောဂါ
ယနေ့က လူတော်တော်များများ မိုဘိုင်းဖုန်း ကိုင်ပြီဆိုတော့ မိုဘိုင်းဖုန်းနဲ့ ပက်သက်တဲ့ ရောဂါ အကြောင်းလေး ပြောရတာပေါ့။ ပထမ စပြောချင်တာက စိတ်ရောဂါလေးပါ။ ဖုန်းမရှိရင်မနေနိုင်တဲ့ စိတ်ရောဂါလေးပေါ့။
သူငယ်ချင်း တစ်ယောက်ရှိတယ်။ ထိုင်နေရင်း အသံတစ်ခုခု ကြားရင် သူ့ဖုန်းချည်း ထင်နေတယ်။ မဟုတ်ရင်တောင် ဘယ်သူ့ဖုန်းလည်း လို့ တောင် သူက ထထမေးတတ်တယ်။ သူနဲ့ ခင်မင်မှု သိပ်မရှိတဲ့ လူတွေနဲ့တွေ့ဆုံတဲ့အခါ သို့မဟုတ် လူကြီးတွေနဲ့ တွေ့ခဲ့အခါ အရှက်ပြေ ကိုင်စရာ တစ်ခုအနေနဲ့ ဖုန်းကို ထုတ်ထုတ် ကလိပါတယ်။ ဘာရယ်လို့လည်း မဟုတ်ပါဘူး။ ဖုန်း Screen က App စာမျက်နှာကို ဟိုပြောင်းဒီပြောင်းလုပ်၊ Phone Log ကိုကြည့်၊ Message ကိုဝင်ကြည့်။ ကြာတော့လည်း ပြောစရာ ဖြစ်လာ တာပေါ့။
တစ်နေ့ အိမ်မှာ အလုပ်လုပ်ရင်း လာအိပ်ဖြစ်တော့လဲ မအိပ်ခင် ဖုန်း မျက်နှာပြင် တစ်ကြည့်ကြည့်၊ ဖုန်းကိုလည်း လက်နဲ့ လှမ်းကောက်လို့ အနီးဆုံး ခေါင်းအုံးဘေးမှာ ထားအိပ်ရှာပါတယ်။ ကိုယ်တောင် သူဖုန်းကလိတာ တွေ့တိုင်း ကိုယ့်ဖုန်းကိုယ် ကလိချင်စိတ်ပေါ်ပြီး ကလိမိပါသေးရဲ့ ။ ဒါကလည်း ချောင်းဆိုးရင် တစ်ယောက် လိုက်ဆိုး သလိုပဲ တစ်ယောက်က ဖုန်းကလိတာတွေ့ရင် လိုက်ကလိနေချင်တာမျိုးက အများအားဖြင့် ဖြစ်တတ်ပါတယ်။
ဖုန်းကို အင်တာနက်လည်း လျှောက်ရော ရောဂါက စိုးပါလေရော။ ကားစောင့်နေရင်းလည်း Facebook ဖွင့်တယ်။ လမ်းလျှောက်နေ ရင်းလည်း Facebook ဖွင့်တယ်။ စကားပြောနေရင်းလည်း Facebook ဖွင့်တယ်။ လူကြားထဲ နေရ ထိုင်ရက် ကြပ်လာရင်လည်း Facebook ဖွင့်တယ်။ တစ်ခုခု စောင့်ရတာ ပြင်းရင်လည်း Facebook ဖွင့်တယ်။
ဒီတော့ ဖုန်းဘေလ်မြန်မြန်ကုန်။ ဖုန်းဘေလ်စောစောကုန်တော့လည်း မနေနိုင်ပါဘူး။ ငွေမရှိတောင် စာရေးသူဆီက ချေးလို့ ဖုန်းကဒ်ကို တစ်နာရီမခြား ပြန်ဖြည့်ပြီး သူ့ဖုန်းနဲ့ လုပ်နေကျ အလုပ်တို့ လုပ်ပါတယ်။ နောက်တော့ သူ့မှာ ဖြစ်လာတာက ဘယ် အလုပ် လုပ်လုပ် နမော်နမဲ့ နိုင်သလို ဖြစ်လာပြီး ကားနောက်ကျတာမျိုး၊ အလုပ် နောက်ကျတာမျိုး၊ ဖုန်းဘေလ်မဖြည့်ရပဲ တစ်ရက်လောက် နေ တဲ့ အခါ စိတ်ဓာတ်ကျနေတာမျိုးတို့ ကြုံနေရှာတယ်။ မျက်နှာက မရွှင်မလမ်းနဲ့။ ဒီတော့ အင်တာနက် မှာ စာရှာဖတ်ကြည့်တဲ့အခါ ဖုန်း တစ်ရက်ပျောက်လို့ မနေနိုင်တာတို့၊ ဖုန်းကို ကိုယ်ခွဲလို သဘောထား အသုံးပြုနေတာမျိုးက စိတ်ရောဂါ တစ်မျိုးလို့ သိလိုက်ရပါတယ်။
ယင်းစိတ်ရောဂါက အထက်ကဖော်ပြပါအတိုင်းပဲ စိတ်ဓာတ်ကျခြင်း (Depression) ကို ဖြစ်စေပြီး မေ့မေ့လျော့လျော့လညး ဖြစ်စေပါတယ်။ အလုပ်လည်း ပျက်ပါတယ်။ ဒီတော့ ဖုန်း စွဲတဲ့ ဖုန်းရောဂါ လဏ္ခာ များက
- ၁၀ မိနစ်တစ်ခါ ဖုန်း မျက်နှာပြင် ကြည့်မိရင်
- သူငယ်ချင်းနဲ့ စကားပြောရင်း ဖုန်းခဏခဏ ကြည့်မိရင်
- သီချင်းသံ ကြားတိုင်း မိမိဖုန်းက မြည်သည်ဟု ထင်နေရင်
- ဖုန်မမြည်လဲ မြည်တယ်လို့ ထင်နေရင်
- တစ်နေ့လုံး ဖုန်းမပြောပဲ မနေနိုင်ရင်
- ခဏတိုင်း Message ဝင်ဝင်စစ်နေရင်
- သူများ ဖုန်း ကလိတာတွေ့တိုင်း ကိုယ့်ဖုန်းကို ကလိလာမိတာ အကြိမ်များရင်
--
ရောဂါပျောက်ရန်
ရှင်းပါတယ်။ ဖုန်း ကလိတဲ့ အကြိမ်ကိုလျော့နိုင်လေကောင်းလေပါပဲ။ ဖုန်းပြောတဲ့ အချိန်လျော့နိုင်လေကောင်းလေးပါပဲ။ လူများကြား ရှက်သလို၊ ရွံ့ သလို ဖြစ်တဲ့အခါ ဖုန်းထုတ်ကြည့်မယ့်အစား တည်တည်နေလိုက်တာမျိုးတို့ လုပ်ကြည့်ပေါ့။ အရှင်းဆုံး ကတော့ ဖုန်းကို မေ့မေ့လျော့လျော့လောက် ထားနိုင်တာပါပဲ။ ( မေ့တော့မထားခဲ့နဲ့လေ။ တော်ကြာ အရေးကြီးဖုန်းများ လွဲနေအုံးမယ်။ သွားလေရာ ဖုန်း တစ္ဆေအကပ်ခံရသလို ထင်မနေစေဖို့ ဖြစ်ပါတယ်။) အပြင်မှာ တွေ့ဖို့ ပိုလွယ်တဲ့ သူငယ်ချင်းကို ဖုန်းဆက်တာထက် အပြင်မှာ သွားတွေ့လိုက်တာမျိုး၊ ဖုန်းနဲ့ ဆော့မယ့် ဂိမ်းအစား အပြင်မှာ ဘောလုံးကန်တာမျိုး၊ Gym စော့တာမျိုး၊ ရေကူးတာမျိုး၊ သူငယ်ချင်းနဲ့ ပျော်ပွဲစား ထွက်တာမျိုး၊ သီချင်းနားထောင်တာမျိုး တို့ လုပ်တာ မျိုးတို့ ပိုကောင်းပါတယ်။ တစ်ခါတစ်လေကျတော့လည်း ဘာမှမလုပ်ပဲ စိတ်ငြိမ်၊ ရုပ်ငြိမ်နေပေါ့။ တိတ်ဆိတ်နေတဲ့ အခါ တစ်ခါခါကျ ဖုန်း ကလိချင်စိတ်ပေါက်နေတာလေး လျော့အောင်ပေါ့။
စာဖတ်သူတို့ထဲမှာလည်း ဖုန်းစွဲ၊ ဖုန်းမခွဲမခါ စိတ်ရောဂါလေး ရှိနေရင် ဒီစာလေး ရှဲလို့ မျှဝေပေးနိုင်ပါတယ်။
--
အောင်ခမ်း (www.innewsmyanmar.com)
မှ ကူးယူဖော်ပြပါသည်
အကြံ ဥာဏ်ပေးလိုပါက.....
nayminnthar54@gmail.com သို့
လိပ်မူပြီး ရေးနိုင်ပါသည်
သူငယ်ချင်းအားလုံး ကျေးဇူးတင်ပါတယ်
အားလုံး ထာဝရ ပျော်ရွှင်စရာ တွေပိုင်ဆိုင်ကြပါစေ
Thursday, September 25, 2014
Telenor Myanmar ရဲ့ဒေတာ Plan ပါ
Telenor Myanmar ရဲ့ဒေတာ Plan ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်
100MB Plan 500ks (Expired 1 Week)
500MB Plan 1900Ks(Exp 1 Month)
Internet Speed 300 kbps
1 GB Plan 6600Ks(Exp 1 Month)
Internet Speed 2 mbps
Telenor Sim Card တိုင်း မီနစ် 20 ဖုန်းအခမဲ့ ပြောခွင့်ပါပါတယ်
အားလုံးအတွက် ဖုန်းပြောခ 25 ကျပ်ပါ
Message 15 ကျပ်ပါ
စတင်ဘာလ က နေပြည်တော်နဲ့ မန္တလေးမှာ ချပါတယ်
ခု အောက်တိုဘာလ 5 ရက်နေ့မှာ ရန်ကုန်မြို့မှာ ချမယ်လို့သိရပါတယ်
Ooredoo က Calling Freed 25Ks
Other Calling 35 Ks
Message 25 Ksပါ
အားလုံး ကွာပါတယ်။
100MB Plan 500ks (Expired 1 Week)
500MB Plan 1900Ks(Exp 1 Month)
Internet Speed 300 kbps
1 GB Plan 6600Ks(Exp 1 Month)
Internet Speed 2 mbps
Telenor Sim Card တိုင်း မီနစ် 20 ဖုန်းအခမဲ့ ပြောခွင့်ပါပါတယ်
အားလုံးအတွက် ဖုန်းပြောခ 25 ကျပ်ပါ
Message 15 ကျပ်ပါ
စတင်ဘာလ က နေပြည်တော်နဲ့ မန္တလေးမှာ ချပါတယ်
ခု အောက်တိုဘာလ 5 ရက်နေ့မှာ ရန်ကုန်မြို့မှာ ချမယ်လို့သိရပါတယ်
Ooredoo က Calling Freed 25Ks
Other Calling 35 Ks
Message 25 Ksပါ
အားလုံး ကွာပါတယ်။
Ttttgghggtelenorအပြည့်အစုံဖတ်ရန် >> http://www.myanmarmobileapp.com/2014/09/25/telenor-myanmar-%e1%80%99%e1%80%bd%e1%80%91%e1%80%af%e1%80%90%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%9c%e1%80%af%e1%80%ad%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%96%e1%80%af/#prettyPhoto
အပြည့်အစုံဖတ်ရန် >> http://www.myanmarmobileapp.com/2014/09/25/telenor-myanmar-%e1%80%99%e1%80%bd%e1%80%91%e1%80%af%e1%80%90%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%9c%e1%80%af%e1%80%ad%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%96%e1%80%af/#prettyPhotoTuesday, September 23, 2014
I Phone အတွက်ပါ
iPhone ကိုင်ဆောင် သူတွေ အတွက် ကိုယ်သိထားတာလေး မျှဝေချင်ပါတယ်..ကိုယ်ကိုင်တဲ့ဖုန်း ( device ) က ဘယ်နိုင်ငံကလာသလဲ ဆိုတာကို သိချင်သူတွေ အတွက် ဗဟုသုတအနေ နဲ့ တင်ပေးလိုက်ပါတယ်..အောက်မှာ ကိုယ်ဖုန်း မော်ဒယ်လ်နဲ့ တိုက်ကြည့်နိုင်ပါတယ်..ဥပမာ – ကိုယ်ဖုန်းမှာ Model – MD……X/A ဆိုပြီး ပါတတ်ပါတယ်.X ဆိုတဲ့ အင်္ဂလိပ်အက္ခရာလေးနဲ့ တိုက်ကြည့်ရမှာဖြစ်ပါတယ်.မျှဝေပေးတဲ့ KO Thet Hmu Swe ကို လည်းကျေးဇူးတင်ပါတယ်..
Code Region
AB Egypt, Jordan, Saudi Arabia, United Arab Emirates
B Ireland, UK, also used for some replacement phones
BR Brazil (Assembled in Brazil)
BZ Brazil (Assembled in China)
C Canada
CH China
CZ Czech Republic
D Germany
DN Austria, Germany, Netherlands
E Mexico
EE Estonia
FB France, Luxembourg
FD Austria, Liechtenstein, Switzerland
GR Greece
HN India
IP Italy
HB Israel
J Japan
KN Norway
KS Finland, Sweden
LA Colombia, Ecuador, El Salvador, Guatemala, Honduras, Peru
LE Argentina
LL USA
LZ Chile, Paraguay, Uruguay
MG Hungary
NF Belgium, France, Luxembourg
PL Poland
PO Portugal
PP Philippines
RO Romania
RS Russia
SL Slovakia
SO South Africa
T Italy
TA Taiwan
TU Turkey
X Australia, New Zealand
Y Spain
ZA Singapore
ZP Hong Kong, Macau
Code Region
AB Egypt, Jordan, Saudi Arabia, United Arab Emirates
B Ireland, UK, also used for some replacement phones
BR Brazil (Assembled in Brazil)
BZ Brazil (Assembled in China)
C Canada
CH China
CZ Czech Republic
D Germany
DN Austria, Germany, Netherlands
E Mexico
EE Estonia
FB France, Luxembourg
FD Austria, Liechtenstein, Switzerland
GR Greece
HN India
IP Italy
HB Israel
J Japan
KN Norway
KS Finland, Sweden
LA Colombia, Ecuador, El Salvador, Guatemala, Honduras, Peru
LE Argentina
LL USA
LZ Chile, Paraguay, Uruguay
MG Hungary
NF Belgium, France, Luxembourg
PL Poland
PO Portugal
PP Philippines
RO Romania
RS Russia
SL Slovakia
SO South Africa
T Italy
TA Taiwan
TU Turkey
X Australia, New Zealand
Y Spain
ZA Singapore
ZP Hong Kong, Macau
Saturday, September 13, 2014
သတင်းဆော့ဝဲလ် နဲ့ နည်းပညာဆော့ဝဲလ် update တင်းပေးလိုက်ပါတယ်
https://db.tt/eIiRQUgq
နည်းပညာ update ဒေါင်းရန်
https://db.tt/3l3Vhjmc
သတင်း apk ဒေါင်းရန်
အဆင်ပြေပါစေ
နည်းပညာ update ဒေါင်းရန်
https://db.tt/3l3Vhjmc
သတင်း apk ဒေါင်းရန်
အဆင်ပြေပါစေ
Subscribe to:
Posts (Atom)