Saturday, September 27, 2014

မိုဘိုင်းဖုန်းသုံးသူများ သတိထားရန် ရောဂါ



မိုဘိုင်းဖုန်းသုံးသူများ သတိထားရန် ရောဂါ



ယနေ့က လူတော်တော်များများ မိုဘိုင်းဖုန်း ကိုင်ပြီဆိုတော့ မိုဘိုင်းဖုန်းနဲ့ ပက်သက်တဲ့ ရောဂါ အကြောင်းလေး ပြောရတာပေါ့။ ပထမ စပြောချင်တာက စိတ်ရောဂါလေးပါ။ ဖုန်းမရှိရင်မနေနိုင်တဲ့ စိတ်ရောဂါလေးပေါ့။


သူငယ်ချင်း တစ်ယောက်ရှိတယ်။ ထိုင်နေရင်း အသံတစ်ခုခု ကြားရင် သူ့ဖုန်းချည်း ထင်နေတယ်။ မဟုတ်ရင်တောင် ဘယ်သူ့ဖုန်းလည်း လို့ တောင် သူက ထထမေးတတ်တယ်။ သူနဲ့ ခင်မင်မှု သိပ်မရှိတဲ့ လူတွေနဲ့တွေ့ဆုံတဲ့အခါ သို့မဟုတ် လူကြီးတွေနဲ့ တွေ့ခဲ့အခါ အရှက်ပြေ ကိုင်စရာ တစ်ခုအနေနဲ့ ဖုန်းကို ထုတ်ထုတ် ကလိပါတယ်။ ဘာရယ်လို့လည်း မဟုတ်ပါဘူး။ ဖုန်း Screen က App စာမျက်နှာကို ဟိုပြောင်းဒီပြောင်းလုပ်၊ Phone Log ကိုကြည့်၊ Message ကိုဝင်ကြည့်။ ကြာတော့လည်း ပြောစရာ ဖြစ်လာ တာပေါ့။

တစ်နေ့ အိမ်မှာ အလုပ်လုပ်ရင်း လာအိပ်ဖြစ်တော့လဲ မအိပ်ခင် ဖုန်း မျက်နှာပြင် တစ်ကြည့်ကြည့်၊ ဖုန်းကိုလည်း လက်နဲ့ လှမ်းကောက်လို့ အနီးဆုံး ခေါင်းအုံးဘေးမှာ ထားအိပ်ရှာပါတယ်။ ကိုယ်တောင် သူဖုန်းကလိတာ တွေ့တိုင်း ကိုယ့်ဖုန်းကိုယ် ကလိချင်စိတ်ပေါ်ပြီး ကလိမိပါသေးရဲ့ ။ ဒါကလည်း ချောင်းဆိုးရင် တစ်ယောက် လိုက်ဆိုး သလိုပဲ တစ်ယောက်က ဖုန်းကလိတာတွေ့ရင် လိုက်ကလိနေချင်တာမျိုးက အများအားဖြင့် ဖြစ်တတ်ပါတယ်။

ဖုန်းကို အင်တာနက်လည်း လျှောက်ရော ရောဂါက စိုးပါလေရော။ ကားစောင့်နေရင်းလည်း Facebook ဖွင့်တယ်။ လမ်းလျှောက်နေ ရင်းလည်း Facebook ဖွင့်တယ်။ စကားပြောနေရင်းလည်း Facebook ဖွင့်တယ်။ လူကြားထဲ နေရ ထိုင်ရက် ကြပ်လာရင်လည်း Facebook ဖွင့်တယ်။ တစ်ခုခု စောင့်ရတာ ပြင်းရင်လည်း Facebook ဖွင့်တယ်။

ဒီတော့ ဖုန်းဘေလ်မြန်မြန်ကုန်။ ဖုန်းဘေလ်စောစောကုန်တော့လည်း မနေနိုင်ပါဘူး။ ငွေမရှိတောင် စာရေးသူဆီက ချေးလို့ ဖုန်းကဒ်ကို တစ်နာရီမခြား ပြန်ဖြည့်ပြီး သူ့ဖုန်းနဲ့ လုပ်နေကျ အလုပ်တို့ လုပ်ပါတယ်။ နောက်တော့ သူ့မှာ ဖြစ်လာတာက ဘယ် အလုပ် လုပ်လုပ် နမော်နမဲ့ နိုင်သလို ဖြစ်လာပြီး ကားနောက်ကျတာမျိုး၊ အလုပ် နောက်ကျတာမျိုး၊ ဖုန်းဘေလ်မဖြည့်ရပဲ တစ်ရက်လောက် နေ တဲ့ အခါ စိတ်ဓာတ်ကျနေတာမျိုးတို့ ကြုံနေရှာတယ်။ မျက်နှာက မရွှင်မလမ်းနဲ့။ ဒီတော့ အင်တာနက် မှာ စာရှာဖတ်ကြည့်တဲ့အခါ ဖုန်း တစ်ရက်ပျောက်လို့ မနေနိုင်တာတို့၊ ဖုန်းကို ကိုယ်ခွဲလို သဘောထား အသုံးပြုနေတာမျိုးက စိတ်ရောဂါ တစ်မျိုးလို့ သိလိုက်ရပါတယ်။

ယင်းစိတ်ရောဂါက အထက်ကဖော်ပြပါအတိုင်းပဲ စိတ်ဓာတ်ကျခြင်း (Depression) ကို ဖြစ်စေပြီး မေ့မေ့လျော့လျော့လညး ဖြစ်စေပါတယ်။ အလုပ်လည်း ပျက်ပါတယ်။ ဒီတော့ ဖုန်း စွဲတဲ့ ဖုန်းရောဂါ လဏ္ခာ များက


- ၁၀ မိနစ်တစ်ခါ ဖုန်း မျက်နှာပြင် ကြည့်မိရင်

- သူငယ်ချင်းနဲ့ စကားပြောရင်း ဖုန်းခဏခဏ ကြည့်မိရင်

- သီချင်းသံ ကြားတိုင်း မိမိဖုန်းက မြည်သည်ဟု ထင်နေရင်

- ဖုန်မမြည်လဲ မြည်တယ်လို့ ထင်နေရင်

- တစ်နေ့လုံး ဖုန်းမပြောပဲ မနေနိုင်ရင်

- ခဏတိုင်း Message ဝင်ဝင်စစ်နေရင်

- သူများ ဖုန်း ကလိတာတွေ့တိုင်း ကိုယ့်ဖုန်းကို ကလိလာမိတာ အကြိမ်များရင်

--

ရောဂါပျောက်ရန်

ရှင်းပါတယ်။ ဖုန်း ကလိတဲ့ အကြိမ်ကိုလျော့နိုင်လေကောင်းလေပါပဲ။ ဖုန်းပြောတဲ့ အချိန်လျော့နိုင်လေကောင်းလေးပါပဲ။ လူများကြား ရှက်သလို၊ ရွံ့ သလို ဖြစ်တဲ့အခါ ဖုန်းထုတ်ကြည့်မယ့်အစား တည်တည်နေလိုက်တာမျိုးတို့ လုပ်ကြည့်ပေါ့။ အရှင်းဆုံး ကတော့ ဖုန်းကို မေ့မေ့လျော့လျော့လောက် ထားနိုင်တာပါပဲ။ ( မေ့တော့မထားခဲ့နဲ့လေ။ တော်ကြာ အရေးကြီးဖုန်းများ လွဲနေအုံးမယ်။ သွားလေရာ ဖုန်း တစ္ဆေအကပ်ခံရသလို ထင်မနေစေဖို့ ဖြစ်ပါတယ်။) အပြင်မှာ တွေ့ဖို့ ပိုလွယ်တဲ့ သူငယ်ချင်းကို ဖုန်းဆက်တာထက် အပြင်မှာ သွားတွေ့လိုက်တာမျိုး၊ ဖုန်းနဲ့ ဆော့မယ့် ဂိမ်းအစား အပြင်မှာ ဘောလုံးကန်တာမျိုး၊ Gym စော့တာမျိုး၊ ရေကူးတာမျိုး၊ သူငယ်ချင်းနဲ့ ပျော်ပွဲစား ထွက်တာမျိုး၊ သီချင်းနားထောင်တာမျိုး တို့ လုပ်တာ မျိုးတို့ ပိုကောင်းပါတယ်။ တစ်ခါတစ်လေကျတော့လည်း ဘာမှမလုပ်ပဲ စိတ်ငြိမ်၊ ရုပ်ငြိမ်နေပေါ့။ တိတ်ဆိတ်နေတဲ့ အခါ တစ်ခါခါကျ ဖုန်း ကလိချင်စိတ်ပေါက်နေတာလေး လျော့အောင်ပေါ့။

စာဖတ်သူတို့ထဲမှာလည်း ဖုန်းစွဲ၊ ဖုန်းမခွဲမခါ စိတ်ရောဂါလေး ရှိနေရင် ဒီစာလေး ရှဲလို့ မျှဝေပေးနိုင်ပါတယ်။
--

အောင်ခမ်း (www.innewsmyanmar.com)

မှ ကူးယူ​ဖော်​ပြပါသည်

အကြံ ဥာဏ်​​ပေးလိုပါက.....
nayminnthar54@gmail.com သို့

လိပ်​မူပြီး ​ရေးနိုင်​ပါသည်

သူငယ်​ချင်းအားလုံး ​ကျေးဇူးတင်​ပါတယ်

အားလုံး ထာဝရ ​ပျော်​ရွှင်​စရာ ​တွေပိုင်​ဆိုင်​ကြပါ​စေ



Thursday, September 25, 2014

Telenor Myanmar ရဲ့ဒေတာ Plan ပါ

Telenor Myanmar ရဲ့ဒေတာ Plan ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်

100MB Plan 500ks (Expired  1 Week)

500MB Plan 1900Ks(Exp 1 Month)
Internet Speed 300 kbps

1 GB Plan 6600Ks(Exp 1 Month)
Internet Speed 2 mbps

Telenor Sim Card တိုင်း မီနစ် 20 ဖုန်းအခမဲ့ ပြောခွင့်ပါပါတယ်
အားလုံးအတွက် ဖုန်းပြောခ 25 ကျပ်ပါ
Message 15 ကျပ်ပါ

စတင်ဘာလ က နေပြည်တော်နဲ့ မန္တလေးမှာ ချပါတယ်
ခု အောက်တိုဘာလ 5 ရက်နေ့မှာ ရန်ကုန်မြို့မှာ ချမယ်လို့သိရပါတယ်

Ooredoo က Calling Freed 25Ks
Other Calling 35 Ks
Message 25 Ksပါ
အားလုံး ကွာပါတယ်။

Tuesday, September 23, 2014

I Phone အတွက်ပါ

iPhone ကိုင်ဆောင် သူတွေ အတွက် ကိုယ်သိထားတာလေး မျှဝေချင်ပါတယ်..ကိုယ်ကိုင်တဲ့ဖုန်း ( device ) က ဘယ်နိုင်ငံကလာသလဲ ဆိုတာကို သိချင်သူတွေ အတွက် ဗဟုသုတအနေ နဲ့ တင်ပေးလိုက်ပါတယ်..အောက်မှာ ကိုယ်ဖုန်း မော်ဒယ်လ်နဲ့ တိုက်ကြည့်နိုင်ပါတယ်..ဥပမာ – ကိုယ်ဖုန်းမှာ Model – MD……X/A ဆိုပြီး ပါတတ်ပါတယ်.X ဆိုတဲ့ အင်္ဂလိပ်အက္ခရာလေးနဲ့ တိုက်ကြည့်ရမှာဖြစ်ပါတယ်.မျှဝေပေးတဲ့ KO Thet Hmu Swe ကို လည်းကျေးဇူးတင်ပါတယ်..

Code        Region
      
AB       Egypt, Jordan, Saudi Arabia, United Arab Emirates
B       Ireland, UK, also used for some replacement phones
BR       Brazil (Assembled in Brazil)
BZ       Brazil (Assembled in China)
C       Canada
CH       China
CZ       Czech Republic
D       Germany
DN       Austria, Germany, Netherlands
E       Mexico
EE       Estonia
FB       France, Luxembourg
FD       Austria, Liechtenstein, Switzerland
GR       Greece
HN       India
IP       Italy
HB       Israel
J       Japan
KN       Norway
KS       Finland, Sweden
LA       Colombia, Ecuador, El Salvador, Guatemala, Honduras, Peru     
LE       Argentina
LL       USA
LZ       Chile, Paraguay, Uruguay
MG       Hungary
NF       Belgium, France, Luxembourg
PL       Poland
PO       Portugal
PP       Philippines
RO       Romania
RS       Russia
SL       Slovakia
SO       South Africa
T       Italy
TA       Taiwan
TU       Turkey
X       Australia, New Zealand
Y       Spain
ZA       Singapore
ZP       Hong Kong, Macau

Saturday, September 13, 2014

သတင်း​ဆော့ဝဲလ်​ နဲ့ နည်းပညာ​ဆော့ဝဲလ်​ update တင်း​ပေးလိုက်​ပါတယ်

https://db.tt/eIiRQUgq
နည်းပညာ update ​ဒေါင်းရန်

https://db.tt/3l3Vhjmc
သတင်း ​apk ​ဒေါင်းရန်

အဆင်​​ပြေပါ​စေ

Friday, August 29, 2014

မည်သည့်ဆောဝဲလ်မှ မသုံးပဲ Windows မှ WiFi Hostspot လွင့်ပြီး Internet ရှယ်နည်း။


မည်သည့် Software မှ မသုံးပဲ Windows က နေ WiFi Hostspot လွှင့်ပြီး Internet ရှယ်နည်း--

Software သုံးတယ်ဆိုတာ Memory စားတဲ့ အပြင် RAM တက်ပြီး စက်ပါလေးလာပါတယ်--

အခုလို နည်းနဲ့ ဆိုတော့ Software လည်း မလို ပါဘူး--


Connectify WiFi HotSpot တို့ဆို WiFi ပြန်လွှင့်ဖို့ကို Money ပေးနေရပါသေးတယ်--


အခုနည်းနဲ့ windows 7 & 8 မှာ ကောင်းကောင်း အသုံးပြုလို့ရပါတယ်-- စက်လည်း မလေးဘူး
 

ပိုက်ပိုက်လဲ
 မကုန်တော့ဘူးပေါ့  မလုပ်တက်မှာစိုးရိမ်လို့ ပုံလေးတွေနဲ့ အားဖြည့်ပေးထားတယ်ဗျာ

လုပ်ကြည့်ပါနော်



Step 1 မှာ cmd ကို Administrator အနေနဲ့ ဖွင့်နည်းက window logo + f ကို နှိပ်လိုက် ပါ--

ပြီးရင်
 cmd လို့ search ကွက်ထဲမှာ ရိုက်ထည့်ပြီး --

cmd ပုံလေး ပေါ်လာ ရင် Right Click နှိပ်ပြီး
 Run As Administrator ကို ရွေးပြီး ကလစ်ပေးလိုက်ရုံပါပဲ--

ဆက်လုပ်ရမဲ့ လုပ်နည်းကို ပုံမှာ ဖတ်ကြည့်လိုက်ပါ--






စာရိုက်ရ သက်သာအောင် Comment တွေကို အောက်ပါပြထား ပေးတယ်နော် 

Copy ကူးပြီး Run As Administrator လုပ်ထားတဲ့ cmd ထဲကို အလွယ်တကူ Paste နိုင်ပါတယ်--


commentမှာ ဒီလိုရေးပါ  >> netsh wlan show drivers






  comment မှာ>> netsh wlan set hostednetwork mode=allow ssid=Netwrok name 

here key=password here

{အနီနဲ့ ပြထားတဲ့ နေရာမှာ WiFi Network Name ထည့်ရပါမယ်-- ပန်းရောင်နဲ့ ပြထားတဲ့ နေရာမှာ 


မိမိနှစ်သက်တဲ့ Password ထည့်ရပါမယ်} ပုံလေးတွေကြည့်ပီးတော့ လိုက်လုပ်ကြည့်ပါ

ကျနော် နာမည်လေးနဲ့
 ပြပေးထားပါတယ် ခင်ဗျာ




http://2.bp.blogspot.com/-mDm0tgbxrzE/Ub1nINzlNBI/AAAAAAAAHuU/BJzFskUeaPM/s320/Capture5.JPG
http://1.bp.blogspot.com/-GD6AseOZHAo/Ub1nIbPzEQI/AAAAAAAAHuE/PxpTmoVLpH0/s320/Capture6.JPG
http://4.bp.blogspot.com/-8Rf199WYBvE/Ub1nIlFKX-I/AAAAAAAAHuQ/ZdXNNgQnpj8/s320/shot_000001.jpg
ဒါကတော့ ကျနော်ဖုန်းမှာ အသုံးပြု၍ ရကြောင်း သက်သေပြပေးတာပါ ခင်ဗျာ


WiFi ပြန် ပိတ်ချင်ရင် >> netsh wlan start hostednetwork {WiFi ပြန် ပိတ်ချင်ရင် start နေရာမှာ Stop အစားထိုးလိုက် ရုံ ပဲနော် ^_^}

အဆင်ပြေပါစေခင်ဗျာ--

Steel Jelly
Chief Editor Of www.fullpremiumnowfree.com
http://www.fullpremiumnowfree.com/2013/06/how-to-software-windows-wifi-hostspot.htm

မှ ယူ၍ ပုံလေးတွေကို ကျနော်ပြန်လည်၍ အားဖြည့်ထားပါတယ် ခင်ဗျာ

ကျနော် အခု့လုပ်ပြတာ က desktop နဲ့ပါ ခင်ဗျာ 

wifi adapter ကတော့ D-LINK DWA-140 နဲ့ပါ


လုံးဝ ရတယ် ဆိုတဲ့ အကြောင်းအာမခံပါတယ်


တကယ်လို့ MODEN ROUTER သုံးမယ် ဆိုရင် ပိုကောင်းနိုင်ပါတယ်


စမ်းမကြည့်ရသေးလို့ မပြောနိုင်သေးပါဘူး ခင်ဗျာ
ဒီပို့လေးကို ၀င်းကို(နည်းပညာ)မှ တဆင့်ဖေါ်ပြခြင်းဖြစ်ပါသည်။
ဘော်ဒါအားလုံး Credit ပေးပါတယ်။
ကျွန်တော်ဖော်ပြသော ပို့များနှင့်ဆက်စပ်ပြီး အကြံပေးလိုပါက
............သို့ လိပ်မှုပြီး
ဝေဖန်အကြံပေးနိုင်ပါတယ်
သူငယ်ချင်းအားလုံး ထာဝရ ပျော်ရွှင်ပြီး
ချစ်ရသူများနဲ့ သက်ဆုံးတိုင် ပေါင်းကြရပါစေ။
ပညာဆိုတာ မိမိ တစ်ယောက်ထဲအတွက် မဟုတ်ပါဘူး။